Tuesday, October 16, 2012

မြစ်တစ်စင်းရဲ့ လျှောက်လွဲချက်

                အခုတလောမှာ စိတ်ထဲမှာ တွေးမိနေတာတွေက မြစ်တွေ အကြောင်း ဖြစ်သည်။ မြစ်တွေ မြစ်တွေ၊ ရစ်ခွေစီးဆင်းနေရဲ့၊ ဖြောင့်တန်းစွာ စီးဆင်းနေရဲ့၊ လှပစွာစီးဆင်းရဲ့၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြမ်းတမ်းစွာစီးဆင်းရဲ့၊ မြေကမ်းတွေကို တိုက်စားသွားရဲ့၊ မြေနုကျွန်းတွေ မြေသြဇာတွေကို ပို့ချရဲ့။
               ဒါပေမယ့် မြစ်ဆိုတာက ဆီးဆင်းနေမှ အသက်ရှင်ရမှာပါ။ စီးဆင်းမှုက ကြမ်းတမ်း သည်ဖြစ်စေ၊ နူးညံ့ သိမ်မွေ့သည် ဖြစ်စေ၊ မြစ်ဆိုမှတော့ စီးဆင်းရမှာဘဲ မဟုတ်လား။ မြေတွေ တိုက်စားသွားတာ၊ အနည်တွေ ပို့ချသွားဖို့ မဟုတ်လား။ တိုက်စားသွားသည့် အနည်တွေကိုလဲ ယူဆောင်ပြီးရင် တစ်နေရာမှာ လွှတ်ချခဲ့ရတာဘဲ။ မြစ်ဆိုတာ ရစ်ခွေသွားချင်သွားမယ်၊ ဒါပေမယ့် မကောက်ကျစ်ဘူး။ မြစ်ဆိုတာ သယ်သွားချင်သွားမယ်၊ ဒါပေမယ့် မလှည့်စားဘူး။ အားလုံးကို ပြန်ပေးတယ်။