Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Saturday, September 12, 2020

အလှစကား

         


”လှလိုက်တာ” လို့ အပြောခံရရင် လူတော်တော်များများ ပီတိဖြစ်ကြတယ်။ ဒါပေမယ့် အဲဒီ ”လှတယ်” ဆိုတဲ့ စကားကို စဉ်းစားကြည့်ရင် စိတ္တဇဆန်တယ်။ လှပမှုဟာ မျက်စိပသာဒ ဖြစ်တာကို ရည်ညွှန်းပြီး ပြောတာပါ။ ဘာကလှတာ။ ဘယ်အပိုင်းလေးကလှတာ။ ဘယ်နေရာလေးကဖြင့် ဖျက်နေလို့ စသည်ဖြင့် လူတစ်ယောက်လုံးကိုများ ခွဲခြမ်းစိတ်ဖြာ ပြောဆိုနေလိုက်ကြတာ။ အချို့မိန်းကလေးများ ဆိုရင် မိမိတို့မှာ ပိုင်ဆိုင်နေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ပြီး အပြစ်ကင်းသထက်ကင်းအောင် လုပ်နေကြတဲ့ ခေတ်ကို ရောက်နေပါရောလား။ အဲလိုခွဲစိတ်ပြုပြင်လိုက်တော့ရော ပြိုင်ဘက်ကင်းတဲ့အလှ ပိုင်ရှင်တွေ ဖြစ်သွား မှာလား ဆိုတော့လဲ မဟုတ်ပါ။