
ဝေး ကွာမှုတွေရဲ့ နိဒါန်းကို
ငြိမ်းချမ်းခြင်း ရဲ့ အစလို့
လမ်းခွဲမှာ
ငါတို့ သတ်မှတ်ကြတယ် ဆိုပါစို့
ကျောင်းသွားဖေါ်ရေ….
မငြိမ်းချမ်း လည်းရှိပါစေ
ငါတို့ဟာ
တစ်လှေတည်း စီး တစ်ခရီးတည်းသွား သမို့
အလွမ်းတို့ ပြယ်စေသတည်း
မုန်းမာန်တို့ ဝေးစေသတည်း….
မတူတဲ့ အမြင်…
ကြင်နာမျှတ ဝေခွဲမရတာတွေ
ငါတို့ကြားမှာ ခြားနားထားခဲ့ရင်
လှပတဲ့အနာဂတ် တစ်ခုဆီကို
ငါတို့တူတူ သွားတဲ့အခါ….
ဆိုက်ကားစီးပြီး သွားနေတယ်လို့
သိနေတဲ့ လူနှစ်ယောက်မှာ
ကျောခိုင်းထားရတာ
ပြဿနာ မဟုတ်ဘူးနော်
ကျောင်းသွားဖေါ်ရယ်….
တို့တွေရဲ့လမ်း ခြေလှမ်းအသင်္ချေ
မတူတာတွေစုစည်း
ငြီးတွားဖို့တော့ မလိုခဲ့ဘူးနော်
အာဃာတများ လွင့်၍
ပြုံးပန်းတို့ ပွင့်စေသတည်း ။
ပန်းပုံပြင်
No comments:
Post a Comment